ယခုဝယ်ယူရန်

50MP CHDR ကင်မရာ

အကန့်အသတ်မဲ့သော ပင်လယ်ပြင် ဒီဇိုင်း
အလွန်ပါးလွှာသည့် ၈.၃ မီလီမီတာ အထူ

လျင်မြန်သော ဘေးဘက်ခလုပ်
လက်ဗွေဖတ်စနစ်

ကြီးမားသော 5000mAh ဘက်ထရီ

စွမ်းရည်မြင့် Unisoc T612
Processor

၆.၅လက်မ မြင်ကွင်းကျယ် မျက်နှာပြင်

နောက်ထပ်တစ်ဆင့်မြင့်သည့် 50MP CHDR ကင်မရာ
ပိုမိုကောင်းမွန်သည့် ရိုက်ကူးမှုအတွေ့အကြုံများ ရရှိစေရန်အတွက် realme C33 တွင် 50MP ကင်မရာနှင့်အတူ ဆော့ဝဲလ်ပိုင်း အဆင့်မြှင့်တင်မှု အထူးပြုလုပ်ချက်များပါဝင်ပါသည်။ အသစ်ပါဝင်သော CHDR တွက်ချက်မှု နည်းပညာဖြင့် ဖမ်းယူမှုကြောင့် အလင်း/အမှောင် ချိန်ညှိရာတွင် ပိုမိုအားသာချက်ရှိစေမှာဖြစ်ပြီး ကြည်လင်ပြတ်သားသော နောက်ခံပုံရိပ်များကို ရရှိစေမှာ ဖြစ်ပါသည်။
50MP ရိုက်ချက်
အနုစိပ်တိုင်းက ပေါ်လွင်ထင်ရှားနေမည်

50MP ရိုက်ချက်

50MP ရိုက်ချက်

ညအလှ ရိုက်ချက်

5MP ရှေ့ဘက်ကင်မရာ
ဆယ်လ်ဖီရိုက်ချက်တိုင်းက ပြီးပြည့်စုံနေမည်

AI အလှအပလုပ်ဆောင်ချက်

အလွန်ပါးလွှာသည့် ၈.၃ မီလီမီတာ အထူ
realme C33 သည် C series ထုတ်ကုန်များ၏ ပေါ့ပါးမှုနှင့် ပါးလွှာမှုတို့ကို ဆက်လက်သယ်ယူလာခြင်းဖြစ်ပြီး ၁၈၇ ဂရမ်နှင့် ၈.၃မီလီမီတာသာရှိသည့်အတွက် လက်ထဲကိုင်ဆောင်ရာတွင် ညက်ညောသက်သောင့်သက်သာရှိစေမည်ဖြစ်သည်။*
အကန့်အသတ်မဲ့သော ပင်လယ်ပြင် ဒီဇိုင်း
ထောင့်မှန်ဆန်သောဘေးဘောင်များနှင့်အတူ တစ်ဆက်တည်းဖုံးအုပ်ထားသော နောက်ကျောဘက်တို့ ပေါင်းစပ်ပါဝင်လို့ ပင်လယ်ပြင်ရဲ့ အကန့်အသတ်မရှိသည့် အလှတရားအပြင် နေရောင်အောက်တွင် ရေစီးဆင်းသွား၍ ရောင်ပြန်အလင်းတန်းဖြင့် အလင်းပြန်စေမည်ဖြစ်သည့်အတွက် ပင်လယ်ကမ်းခြေရောက်နေသကဲ့သို့ ခံစားနိုင်စေမှာဖြစ်သည်။
လျင်မြန်သော ဘေးဘက်ခလုပ်
လက်ဗွေဖတ်စနစ်
တစ်ချက်ထိ ပွင့်
ဘေးဘက်တွင်တပ်ဆင်ထားသော လက်ဗွေဖတ်စနစ်သည် ဖုန်းကိုတစ်ချက်တို့ထိရုံနှင့်
၀.၅စက္ကန့်အတွင်းမှာတင် ချက်ချင်းပွင့်သွား စေမည်ဖြစ်သည်။
Dirac 3.0 နည်းပညာ အရည်အသွေးမြင့်အသံစနစ်ဖြင့် နားဆင်နိုင်မည်
Dirac 3.0 နည်းပညာကြောင့် အရည်အသွေးမြင့် ပိုမိုကြည်လင်ပြတ်သားသောသံစဥ်များကို သီချင်းနားဆင်ရာမှာပဲဖြစ်ဖြစ် သို့မဟုတ် ဗီဒီယိုကြည့်ရှုရာတွင်ပဲဖြစ်ဖြစ် နှစ်သက်ခံစားနိုင်စေမှာဖြစ်ပါသည်။
ကြီးမားသော 5000mAh ဘက်ထရီ
တစ်နေ့တာလုံး စိတ်ကြိုက်သုံး
နေ့ရော ညပါ အသုံးခံနိုင်သည့်အတွက် ဘက်ထရီအတွက်စိုးရိမ်စရာများကို မေ့ပျောက်ပစ်နိုင်စေမှာပါ။ ကြီးမားသည့် 5000mAh ဘက်ထရီနှင့်အတူ သင့်စိတ်ကြိုက် ဂိမ်းတွေ၊ ဗွီဒီယိုတွေကို တစ်နေကုန်ခံစားနိုင်စေမည်ဖြစ်သည်။*
အားပိုခံစေမည့် Ultra Saving Mode
Ultra Saving Mode ကိုတစ်ချက် on ထားလိုက်ရုံဖြင့် ဘက်ထရီအား ၅ရာခိုင်နှုန်းပင်ကျန်ရှိသော်လည်း ဖုန်းခေါ်ဆိုမှုနှင့် စာတိုစနစ်တို့ကို စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်စေမည်ဖြစ်သည်။
ဘက်ထရီအား ၅% ဖြင့်
1.2 hours*
WhatsApp အသုံးပြုခြင်း
1.8 hours*
ဖုန်းခေါ်ဆိုခြင်း
4.1 hours*
နားဆင်နိုင်ခြင်း
မြင့်မားသောစွမ်းဆောင်ရည်နှင့်အတူ လုပ်ဆောင်ပေးမည့်
စွမ်းရည်မြင့် Unisoc T612 Processor
Octa-core အမျိုးအစားစွမ်းရည်မြင့် Unisoc T612 processor မှာ AnTuTu စစ်ဆေးရမှတ်ပေါင်း ၂၂၁,၂၅၃အထိ မြင့်မားစွာရရှိထားပြီးတည်ငြိမ်ချောမွေ့သည့် ဂိမ်းကစားခြင်းနှင့် ဖျော်ဖြမှုအတွေ့အကြုံကို ပေးစွမ်းစေမည်ဖြစ်သည်။ *
221,253
AnTuTu Benchmark Score
ARM Cortex-A75
Up to 1.82GHz
12 nm
Octa-core
Up to 4GB + 128GB
RAM+ROM
ပိုမိုမြန်ဆန်သည့် UFS 2.2 သိုလှောင်မှုစနစ်
eMMC 5.1 ထက် အဆ ၃၀၀ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်ခြင်း*
UFS 2.2 သိုလှောင်မှုစနစ်မှာ သာလွန်သည့် စွမ်းဆောင်ရည်ရှိပြီး eMMC 5.1 ထက် အဆ ၃၀၀ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်စွာလုပ်ဆောင်ပေးနိုင်ခြင်းကြောင့် ပိုမိုမြန်ဆန်သည့် file ပြောင်းရွှေ့ခြင်း၊ app ဖွင့်ခြင်းတို့ကိုပေးစွမ်းစေမည်ဖြစ်သည်။
၆.၅လက်မ မျက်နှာပြင် အမြင်နှင့်ထိတွေ့မှုအတွက် ပြည့်စုံချော့မွေ့ပြေပြစ်မှု
မျက်နှာပြင်နှင့်ကိုယ်ထည်အချိုးအစား ၈၈.၇ ရာခိုင်နှုန်းပါဝင်မှုနှင့် အရောင်ပေါင်း ၁၆.၇ သန်းအထိ ထောက်ပံ့ပေးထားသော ကြီးမားသည့် ၆.၅လက်မ မြင်ကွင်းကျယ်မျက်နှာပြင်ကြောင့် အသေးစိတ်အထိ စိုပြေတောက်ပသော မြင်ကွင်းစုံလင်စွာကို ထိတွေ့ ကြည့်ရှု့ခံစားနိုင် စေမှာပင်ဖြစ်ပါသည်။
16.7 M
Screen colors*
88.7%
Screen-to-body Ratio*
16.5cm (6.5'')
၃ကတ်ထိုးစနစ်
1TB ပမဏအထိထပ်တိုးသိုလှောင်နိုင်မှု
realme C33 က ဆင်းမ်ကဒ် ၂ကဒ်နှင့် microSD ကဒ်တို့ကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်စေဖို့ ထောက်ပံ့ပေးထားပြီး ဓာတ်ပုံ၊ ဗွီဒီယိုများအတွက် 1TB ပမာဏအထိ ထပ်တိုး သိုလှောင်နိုင်စေဦးမည်ဖြစ်သည်။
Android 12 ကို အခြေခံထားသည်။

မှတ်ချက်

၁။ အထူနှင့် အလေးချိန်၏ အချက်အလက်များမှာ realme စမ်းသပ်ခန်းမှထွက်ပေါ်လာခြင်းဖြစ်သည်။ ကွဲပြားသည့်တိုင်းတာမှုစနစ်များကြောင့် အမှန်တကယ်ရလဒ်များမှာ ကြောင်းကျိုးညီညွတ်သည့်ကွာဟချက်အတိုင်းအတာမျိုးရှိနိုင်ပါသည်။

၂။ 5000mAh မှာ realme C33 ၏ ဘက်ထရီပမာဏ သတ်မှတ်တန်ဖိုးဖြစ်သည်။

၃။ ဘက်ထရီခံနိုင်အားအချက်အလက်မှာ realme စမ်းသပ်ခန်းမှထွက်ပေါ်လာခြင်းဖြစ်သည်။ အမှန်တကယ်ရလဒ်များမှာ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်၍ အနည်ငယ်ပြောင်းလဲမှုရှိနိုင်ပါသည်။

၄။ AnTuTu ရမှတ် တိုင်းတာချက်နှင့် UFS 2.2 အချက်အလက်များမှာ realme စမ်းသပ်ခန်းမှထွက်ပေါ်လာခြင်းဖြစ်သည်။ အမှန်တကယ်ရလဒ်များမှာ ပတ်ဝန်းကျင်ပေါ်မူတည်၍ အနည်းငယ်ပြောင်းလဲမှုရှိနိုင်ပါသည်။

၅။ မျက်နှာပြင်ဆိုင်ရာအချက်အလက်မှာ realme စမ်းသပ်ခန်း၏ စမ်းသပ်ရလဒ်များမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

၆။ စမ်းသပ်စံချိန်စံညွှန်းများအားလုံးမှာ realme စမ်းသပ်ခန်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

၇။ ထုတ်ကုန်ဓာတ်ပုံများမှာ ရည်ညွှန်းရန်အတွက်သာဖြစ်သည်။ ကျေးဇူးပြု၍ ထုတ်ကုန်အစစ်အမှန်ကို ကိုးကားကြည့်နိုင်ပါသည်။ အချို့သော ထုတ်ကုန်အချက် အလက်များနှင့် ဖော်ပြချက်များမှာ ကုန်ကြမ်းပေးပို့မှုအပိုင်းပြောင်းလဲမှုများကဲ့သို့ အကြောင်းခြင်းရာများကြောင့် ပြောင်လဲမှုရှိနိုင်ပါသည်။ ယခုစာမျက်နှာရှိ အချက်အလက်များမှာ realme ၏သတ်မှတ်ထားသော နည်းပညာဆိုင်ရာတိုင်းတာချက်များ၊ ဓာတ်ခွဲစမ်းသပ်ခန်းများမှ စမ်းသပ်အချက်အလက်များနှင့် ကုန်ကြမ်းတင်ပို့သူ၏စမ်းသပ်အချက်အလက်များအားလုံးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ အမှန်တကယ်အခြေအနေများတွင် စမ်းသပ်သည့်ဆော့ဖ်ဝဲလ်ဗားရှင်၊ တိကျသည့်စမ်းသပ်ပတ်ဝန်းကျင်၊ တိကျသည့်ဗားရှင်းအမျိုးအစားနှင့် လုပ်ဆောင်သည့်အခြေအနေများပေါ်မူတည်ကာ အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်။

Choose your market
Products may have different prices and availability based on market
Asia-Pacific
Europe
Middle East and Africa
Latin America
Other Regions