ယခုဝယ်ယူရန်
realme 9 ကသင့်အတွက်ဖြစ်စေမယ့် အချက်(၆)ချက်
ပရိုဆန်တဲ့
108MP ကင်မရာ
ကာလာပိုစိုတဲ့ 90Hz
Super AMOLED မျက်နှာပြင်¹
စွမ်းဆောင်ရည်မြင့်
Snapdragon680
Processor²
ကြီးမားတဲ့ 5000mAh ဘက်ထရီ³
ပါးလွှာတဲ့ 7.99mm
အထူ⁴
လှိုင်းတွန့်ရောင်ပြေး
ဒီဇိုင်း
ဖ န် တီး ရိုက် ချက် အ လင်း စက်
ဖ န် တီး ရိုက် ချက် အ လင်း စက်
အရိပ်နဲ့အလင်းတို့ရဲ့အနုပညာ
ကန္တရရဲ့ ဆန်းကြယ်လှပမှုကို အခြေခံကာ realme 9 ကကျယ်ပြန့်လွန်းတဲ့ ဝန်းကျင်အလှတရားကို နှိုးဆွပေးလိုက်တာပါ။ အရောင်ရွေးချယ်မှုတိုင်းက ကြီးမားတဲ့သဘာဝ ဝန်းကျင်ထဲကို ဝင်ရောက်သွားတဲ့ ခံစားချက်မျိုးကို ရရှိစေမှာပဲဖြစ်ပါတယ်။
Sunburst Gold
Stargaze White
Meteor Black

Sunburst Gold

Stargaze White

Meteor Black

လက်ရာမြောက်မှုက ကွဲပြားစေတယ်

realme 9 ကို ဆန်းသစ်တဲ့ Plasma Atom အပေါ်လွှာထပ်လောင်းခြင်းနဲ့ UV-Nano ပုံရိုက်ခြင်းလုပ်ဆောင်မှုတို့မှတစ်ဆင့် ဖန်တီးထားတဲ့ ရုပ်ကြွ 3D လှိုင်းတွန့်နောက်ကျောသားနဲ့ဖုံးအုပ်ပေးထားတာပါ။

သွယ်သွယ်လျလျ ပါးပါးလွှာလွှာ

တော်တော်လေးကိုပေါ့တဲ့ ၁၇၈ဂရမ်အလေးချိန်နဲ့ ပါးလျတဲ့ ၇.၉၉မီလီမီတာအချိုးအစားက ကိုင်ဆောင်ရတာဘယ်လောက်အထိသက်သောင့်သက်သာရှိသလဲဆိုတာကိုပြနေတဲ့ realme 9 ရဲ့အံ့သားသင့်စရာတွေထဲကတစ်ခုပါပဲ။

သင်တွေ့ရှိခံစားနိုင်တဲ့ ညက်ညောမှု

6.4" (16.3cm)Screen Size⁵

2400x1080 FHD+ Resolution⁶

90.8% Screen-to-Body Ratio⁷

Corning Gorilla Glass 5

၁၀၂၄၀ အဆင့်အထိအလိုအလျောက်အလင်းချိန်ညှိပေးနိုင်ခြင်းနဲ့အတူ realme 9 ရဲ့အရောင်ပိုစိုတဲ့ 90Hz Super AMOLED မျက်နှာပြင်က ဘယ်လိုဖုန်းသုံးစွဲမျိုးကိုမဆို သက်သောင့်သက်သာရှိစေမယ့် မြင်ကွင်းအတွေ့အကြုံကို သေချာအောင်လုပ်ဆောင်ပေးမှာဖြစ်သလို 360Hz touch sampling rate ကထိတွေ့ပွတ်ဆွဲမှုတိုင်းကိုထောပတ်လိုချောမွေ့စေအောင်လုပ်ဆောင်ပေးဦးမှာပါ။

6.4" (16.3cm)Screen Size⁵
2400x1080 FHD+ Resolution⁶
90.8% Screen-to-Body Ratio⁷
Corning Gorilla Glass 5

ခလုပ်တစ်ခုထက်ပိုကောင်းတဲ့

realme 9 မှာ ပုံမှန်ခလုပ်နှိပ်နည်းလမ်းထက် ပိုမိုမြန်ဆန်ပြီး ပိုမိုသဘာဝကျကျ ဖုန်းဖွင့်ပေးမယ့် မျက်နှာပြင်အောက်ထည့်သွင်းထားတဲ့ လက်ဗွေဖတ်စနစ်ကို အသုံးပြုပေးထားပါတယ်။ တစ်ပါတည်းပေါင်းစပ်ထားတဲ့ နှလုံးခုန်နှုန်းတိုင်းစက်နဲ့အတူ ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် သင့်နှလုံးခုန်နှုန်းကို တိုင်းတာကြည့်နိုင်ဦးမှာဖြစ်ပါတယ်။

Samsung HM6 Sensor

အလင်းအားပိုမိုခွင့်ပြုနိုင်ပြီ

Nonapixel Plus technology မှာ 9-sum Pixel Binning စနစ်က မှောင်တဲ့ပတ်ဝန်းကျင်မျိုးတွေမှာ အလင်းအားပိုမိုဖမ်းယူနိုင်ဖို့အတွက် pixel ၉ခုကို ကြီးမားတဲ့ pixel ကွက်တစ်ခုအဖြစ် ပေါင်းစပ်ပေးလိုက်တာပါ။

ကပ်လျက် pixel တွေရဲ့တန်ဖိုးကိုပေါင်းပေးတဲ့ ပျမ်းမျှပေါင်းစပ်အချိုး 3x3 sum/average နည်းလမ်းဟောင်းတွေနဲ့နှိုင်းယှဥ်ကြည့်ရင် ၉ဆပေါင်းတဲ့ 9-sum Pixel Binning စနစ်က ပိုကောင်းတဲ့ pixel ကိုထုတ်ပေးနိုင်သလို ပုံရိပ်ဖွယ်ခြင်းကိုပါလျှော့ချေပေးစေတာဖြစ်လို့ အလင်းပိုကောင်းပြီး ပိုကြည်တဲ့ပုံတွေကို ထုတ်ပေးနိုင်ပါတယ်။

108MP AI ကင်မရာ ကင်မရာ

108MP
ProLight
Camera

4cm
Macro
Camera⁷

120°
Super-wide
Camera¹¹

ညရဲ့ဆန်းကြယ်မှုကို ဖမ်းယူလိုက်ပါ

Nonapixel Plus နည်းပညာက Samsung HM2 ပုံရိပ် အာရုံခံကိရိယာနဲ့ နှိုင်းယှဥ်မယ်ဆိုရင် အလင်းစုပ်ယူမှုကို ၁၂၃% အထိ ပိုကောင်းအောင်လုပ်ဆောင်ပေးထားပါတယ်။ အလင်းနည်းတဲ့အချိန်မျိုးမှာတောင်မှ realme 9 မှာရိုက်ထားတဲ့ပုံတွေက လုံလောက်တဲ့ အလင်းအားတွေ၊ အရောင်မှန်ကန်မှုတွေ၊ အနည်းဆုံးပုံရိပ်ဖွယ်မှုတွေနဲ့ အကောင်းဆုံးအလင်းအမှောင်ပမာဏမျိုးတွေကို ရရှိစေမှာပါ။

3X In-Sensor Ultra Zoom
realme 9

3X Digital Zoom
realme 8

ကမ္ဘာကြီးနဲ့နီးနီးနေ

HM6 ဆင်ဆာမှာထည့်ထားတဲ့ In-sensor Ultra Zoom စနစ်က ၃ဆဆွဲပြီးရိုက်ယူထားတဲ့ပုံတွေနဲ့ နှိုင်းယှဥ်နိုင်တဲ့ပုံမျိုးကို ရိုက်ယူနိုင်စေပါတယ်။ လှပတဲ့ zoom ဆွဲချဲ့ရိုက်ချက်တွေသေချာစေ မယ့် ပေါင်းစပ်တွက်ချက်စနစ်နဲ့အတူ သင်ဖမ်းယူချင်တဲ့ အနုစိပ်တွေနဲ့ ပိုမိုနီးကပ်စွာနေနိုင်ပါပြီ။

Street Photography Mode 2.0

သင်ဖန်တီးတဲ့ Filter ရိုက်ချက်
သင့်အတွက်အမြဲလိုက်ဖက်

realme ဖန်တွေဖန်တီးထားတဲ့ Street Photography Mode 2.0 ရဲ့ 90s Pop filter ကဓာတ်ပုံတွမှာ ဓာတ်ပုံတွမှာ ဂန္တဝင်ဆန်အားကောင်းတဲ့ ရုပ်ရှင်အသွင်မျိုးကို ပေးနိုင်ပါတယ်။

နည်းပညာဆိုင်ရာအသေးစိပ်တွေအတွက်ပူစရာမလိုဘဲ 90s Pop filter ကို သင့်ဓာတ်ပုံတွေမှာ အသုံးပြု နိုင်ပါပြီ။

Street Photography Mode 2.0

စိတ်ရှိတိုင်းသာ ချိန်ယူရိုက်ပါ

realme 9 မှာ သာလွန်တဲ့ ပုံရိပ်ဖြတ်ပေးမှု autofocus ပါဝင်ပါတယ်။ zoom နဲ့ focus အပိုင်းကိုပိုမိုထိန်း ချုပ်ချင်တယ်ဆိုရင်တော့ တစ်ချက်ပွတ်ဆွဲတို့ထိရုံနဲ့ သုံးနိုင်မှာဖြစ်ပါတယ်။

အလှတရားအတွက် နေရာကျယ်ကျယ်

၁၂၀ ဒီဂရီရှိ မြင်ကွင်းကျယ်ကင်မရာက ရိုက်ချက်ဘောင်ထဲမှာပိုမိုဝင်ဆံ့စေပြီး နေရာကျပ်ကျပ်ထဲရိုက် တဲ့အခါမှာမျိုးမှာ တကယ်အသုံးဝင်သလို crop ပြန်ဖြတ်ထုတ်ရာမှာပါ ပိုမိုလွတ်လပ်မှုရှိစေပါလိမ့်မယ်။

လှစ်ဟလိုက်ပါ သင့်အလှတရား

အမျိုးမျိုးသော selfie feature တွေပါတဲ့ 16MP HD ကင်မရာကိုတပ်ဆင်ပေးထားလို့ realme 9 က ရိုက်ချက်တိုင်းမှာအလန်းစား selfie တွေဖြစ်ဖို့ ကူညီပါလိမ့်မယ်။

စွမ်းရည်မြင့်မြင့် ညက်ညောအတွေ့အကြုံ

2.4GHz မြန်နှုန်းထိတောက်ပံ့ထားတဲ့ အဆင့်မြင့် 6nm Snapdragon 680 processor ကြောင့် realme 9 က ဘယ်လို app မျိုးကိုသုံးနေပါစေ ကောင်းမွန်တဲ့အပူချိန်ထိန်းချုပ်မှုနဲ့အတူ မြင့်မားတဲ့စွမ်း ဆောင်ရည်ကို ပေးနိုင်ပါတယ်။

သင့်ရဲ့အမှတ်တရတွေကို ထွေးပွေ့ထားပါ

8GB RAM နဲ့ 128GB သိုလှောင်နိုင်မှုနဲ့အတူ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ ဖိုင်တွေကို ပိုမိုသိမ်းဆည်းနိုင်ပါ တယ်။ realme 9 မှာ RAM ထပ်တိုးနည်းပညာပါဝင်လို့ နောက်ထပ် RAM ပမာဏကို 5GB အထိထပ်တိုး အသုံးပြုနိုင်ဦးမှာဖြစ်ပြီး app တစ်ခုနဲ့တစ်ခုကို ဖြတ်ခနဲဆိုသလို ပြောင်းလဲသုံးနိုင်ပါတယ်။

အားသွင်းမြန်ဆန် ကြာရှည်ခံ

ကြီးမားတဲ့ 5000mAh ဘက်ထရီက သင့်နေ့စဥ်လုပ်ဆောင်မှုတွေကို ရက်တော်တော်ကြာအောင် ထောက်ပံ့ပေးထားနိုင်ပါတယ်။ 33W Dart Charge စနစ်ကြောင့် realme 9 က သင့်ဘဝအတွက် ကြာရှည်ခံမှုစံနှုန်းသစ်ကို ယူဆောင်ပေးပါလိမ့်မယ်။

33W

Dart Charge

5000mAh

Battery

3.5mm
Headphone
Jack

realme UI 3.0

Based on Android 12*

အရည်အသွေးဆန်းစစ်မှုပေါင်း ၃၂၀ကျော်

300,000x

Power Button Testing

150,000x

Volume Button Testing

4,000x

Power On/Off Testing

20,000x

Charging Port Plug In/Out Testing

300 Hours

Temperature Tesing at -40°C to 75°C

14 Days

High Temperature/High
Humidity Testing at 65°C/RH95%

Disclaimer

  • 1. The refresh rate automatically adapts to different application interfaces, with a maximum rate of 90 Hz. Actual results may vary.
  • 2. The Qualcomm Snapdragon 680 processor information is obtained from Qualcomm's official reports.
  • 3. Refers to typical battery capacity. Data on battery life and charging speed improvement come from realme Lab. Results may vary depending on the testing environment.
  • 4. Data comes from realme Lab. Actual data may vary depending on product configuration, manufacturing techniques, and calculation methods.
  • 5. Data comes from realme Lab.
  • 6. Data comes from realme Lab. The color standard may vary slightly depending on screen usage time, test equipment, and other factors.
  • 7. Data comes from realme Lab. Screen-to-body ratio calculation method: AA area/front TP area.
  • 8. Data comes from realme Lab. Results may vary depending on actual usage.
  • 9. The 360Hz touch screen sampling rate is available for dedicated apps and scenarios.
  • 10. This product is not a medical device and the monitoring data and results are for reference only and are not intended for diagnostic or medical use.
  • 11. The 120° angle measurement is based on measurement of the hardware module. The actual field of view is slightly smaller after distortion correction.
  • 12. Data comes from Samsung.
  • 13. 8GB RAM is provided, and can be expanded with up to 5GB Dynamic RAM.
  • *Product images are for reference only, please refer to the actual product. Some product specifications and descriptions may change due to supplier changes, please refer to the actual product. All data listed above is based on the testing conducted at the realme lab or supplied by vendors. There may be some variation due to the software version, the specific testing environment, and the specific version.
Choose your market
Products may have different prices and availability based on market
Asia-Pacific
Europe
Middle East and Africa
Latin America
Other Regions